၁။ GREAT SAVE Security Service Co.,Ltd အနေဖြင့်လုံခြုံရေးလုပ်ငန်းအတွေ့အကြုံရှိသောဝန်ထမ်းများဖြင့်အောက်ဖော်ပြပါ လုံခြုံရေးဝန်ဆောင်မှုများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

  • (၁) ကုန်တိုက်ကြီးများနှင့်ဟိုတယ်ကြီးများလုံခြုံရေး
  • (၂) ကုမ္ပဏီရုံးခန်း ၊ အဆောက်အဦးများနှင့် ဆိုင်ခန်းများလုံခြုံရေး
  • (၃) အိမ်ရာစီမံကိန်းများနှင့် နေအိမ်အဆောက်အဦးများလုံခြုံရေး
  • (၄) ဆေးရုံဆေးခန်း လုံခြုံရေး
  • (၅) ဈေးအဆောက်အအုံကြီးများနှင့် စူပါမားကတ် ၊ရှော့ပင်းစင်တာများ ဈေးရောင်းပွဲတော်လုံခြုံရေး
  • (၆) စက်ရုံအလုပ်ရုံကြီးများနှင့် ကုန်ပစ္စည်းဂိုဒေါင်များ လုံခြုံရေး
  • (၇) တေးဂီတ Show ပွဲများ Model Show ပွဲများနှင့် အခြားပွဲတော်အခမ်းအနားများလုံခြုံရေး

၂။ အပိုဒ်(၂)ပါ အချက်များအတွက် GREAT SAVE Security Service Co.,Ltd မှဝန်ထမ်းများကိုလုံခြုံရေးလုပ်ငန်းစဉ်များအရ အောက်ပါသင်တန်းများကို သက်ဆိုင်ရာဘာသာရပ် ဝါရင့်သင်တန်းနည်းပြဆရာများဖြင့်ပို့ချပေးပါသည်။

  • (၁) အခြေခံစစ်ရေးပြ
  • (၂) အခြေခံရှေးဦးသူနာပြု
  • (၃) လုပ်ငန်းခွင် အထွေထွေဝန်ဆောင်မှုလုပ်ငန်းသဘောတရား

၃။ GREAT SAVE Security Service Co.,Ltd မှ ၀န်ထမ်းများကို ကုမ္ပဏီမှ သတ်မှတ်ထားသည့်ယူနီဖောင်းအပြည့်အစုံဖြင့်အောက်ပါဖော်ပြပါအတိုင်း တာဝန်ယူဆောင်ရွက်နိုင်ရန်သတ်မှတ်ထားရှိပါသည်။

  • (၁) လျှာထိုးဦးထုပ် (အနက်ရောင် ) (Logo တံဆိပ်ပါ)
  • (၂) အင်္ကျီလက်တို (ကာကီရောင် ) (Logo တံဆိပ်ပါ)
  • (၃) ဘောင်းဘီအရှည် (အနက်)
  • (၄) ခါးပတ်အသေး (အနက်)
  • (၅) စစ်ခါးပတ်အကြီး (အနက်)
  • (၆) ရှူးဖိနပ် (အနက်)
  • (၇) ခြေအိတ် (အနက်)
  • (၈) ၀န်ထမ်းကဒ် (Logo တံဆိပ်ပါ)
  • (၉) ခရာ
  • (၁၀) ခရာကြိုး (ဖြူ)
  • (၁၁) ရာဘာတုတ်
  • (၁၂) Power Light

၎။ GREAT SAVE Security Service co., Ltd. မှအောက်ပါ လုံခြုံရေး လုပ်ငန်းစဉ်များ အတိုင်းတာဝန်ယူဆောင်ရွှက်ပေးပါသည်။


၅။ သတ်မှတ်ထားသော လုံခြုံရေး ယူနီဖောင်း အပြည့်အစုံနှင့် လုံခြုံရေးသုံးပစ္စည်း ကရိယာများကို အသုံးပြုဆောင်ရွှက်ပေးခြင်း။

  • (၁) စက်ရုံဝန်ထမ်းများ၏ အ၀င် / အထွက် ကိစ္စရပ်များတွင် ၀န်ထမ်းကဒ် စစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ပေးခြင်း။
  • (၂) စက်ရုံသို့  လာသည့် ယဉ်များ၏ အ၀င် / အထွက်မှတ်တမ်းများအား စစ်ဆေးခြင်းနှင့် မှတ်တမ်းတင်ပေးခြင်း။
  • (၃) စက်ရုံသုံး ပစ္စည်းများ လေလွှင့်ဆုံးရှုံးမှု မရှိစေရန် အတွက် ညှိနှိုင်းထားသောစည်းကမ်းချက်နှင့်အညီ ကာကွယ်စောင့်ရှောက်ပေးခြင်း။
  • (၄) ၀န်ထမ်းများအား စက်ရုံမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များ လိုက်နာမှု ရှိစေရန်အတွက် ကူညီဆောင်ရွှက်ပေးခြင်း။
  • (၅) မီးလောင်မှု သဘာဝ ဘေးအန္တ၇ာယ်များ ကျရောက်လာပါက လိုအပ်သော ကူညီ ကယ်ဆယ်ရေးကိစ္စများအတွက် ကူညီဆောင်ရွှက်ပေးခြင်း။
  • (၆) စက်ရုံ / အလုပ်ရုံ အတွင်းသို့  ပြင်ပမှ မသက်ဆိုင်သော လူ ၊ ယာဉ် ၊ ပစ္စည်းများ ၀င်ရောက်မှု မရှိစေရေးအတွက် တားမြစ်ပေးခြင်း။
  • (၇) နေ့ စဉ် (၂၄) နာရီအတွင်း လုံခြုံရေးလုပ်ငန်း ဆောင်ရွှက်ချက်များနှင့် ထူးခြားဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းနှင့် သတင်းပေးပို့ ခြင်း။
  • (၈) စက်ရုံမှ ခွင့်ပြုသော ယာဉ်/ ဧည့်သည်များ အဆင်ပြေစေရေးအတွက် လမ်းညွှန်ပေးပို့ ခြင်း၊ နေရာချထားပေးခြင်း။
  • (၉) ၀န်ထမ်းအချင်းချင်း ခိုက်ရန် ဖြစ်ပွားခြင်း ၊ စက်ရုံပိုင်ပစ္စည်းများ ခိုးယူခြင်း၊ မူးယစ်ရမ်းကားခြင်းများ မဖြစ်ပေါ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွှက်ပေးခြင်း။
  • (၁၀) Customer မှ လုံခြုံရေး လုပ်ငန်းစဉ်များနှင့် ပတ်သတ်သော တောင်းဆို ချက်များကိုလည်း ညှိနှိုင်း ပူပေါင်းဆောင်ရွှက်ပေးခြင်း။

၆။ GREAT SAVE Security Service Co.,Ltd အနေဖြင့် အဆောက်အဦး အတွက် လုံခြုံရေးပြည့်ဝစွာရှိစေရေးအတွက် နည်းစနစ်များအတိုင်း လုံခြုံရေး လုပ်ငန်းများကို အပြည့်အ၀ ၀န်ဆောင်မှုပေးမည့်အပြင် လူကြီးမင်းမှ အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်၍ အခြားသော လိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွှက်ပေးသွားမည် ဖြစ်ပါသည်။


၇။ GREAT SAVE Security Service Co.,Ltd ၀န်ဆောင်မှု စရိတ်အနေဖြင့် ၀န်ထမ်းတစ်ဦး အတွက် လူကြီးမင်း၏ စက်ရုံ အနေအထား ဧရိယာ အကျယ်အ၀န်းအပေါ် မူတည်၍ ၀န်ထမ်းအရည်အသွေးကို ညှိနှိုင်း ဆောင်ရွှက်ပေးသွားမည် ဖြစ်ပါသည်။


၈။ GREAT SAVE Security Service Co.,Ltd မှ တာဝန်ချိန်အား နေ့ တာဝန်ချိန်ကို (၀၈:၀၀) နာရီမှ (၁၈း၀၀) နာရီ အထိနှင့် ညတာဝန်ချိန်ကို (၁၈း၀၀) နာရီမှ (၀၈း၀၀) နာရီအထိ တာဝန်ချထားပေးမည်ဖြစ်ပါသည်။


၉။ GREAT SAVE Security Service Co.,Ltd မှ လူကြီးမင်းတို့ ၏ လုပ်ငန်းအတွက် စတင်တာဝန်ယူဆောင်ရွှက်သည်နှင့် အမျှ မိမိဝန်ထမ်းများအား GREAT SAVE Security Service Co.,Ltd မှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ၀န်ထမ်းများအပြင် လူကြီးမင်းတို့ မှ မနှစ်သက်သည့် ၀န်ထမ်းများအား အပြစ်ပေးအရေးယူခြင်းများ ၊ ၀န်ထမ်းလဲလှယ်ပေးခြင်းများကို ဆောင်ရွှက်ပေးသွားပါမည်။


၁၀။ GREAT SAVE Security Service Co.,Ltd မှ လူကြီးမင်းတို့ ၏လုပ်ငန်းတွင်တာဝန်ယူမှု ဆောင်ရွှက်နေစဉ် လုပ်ငန်းခွင်အတွက် GREAT SAVE Security Service Co.,Ltd မှ သက်ဆိုင်ရာ Supervisor များ ၊ Manager များမှ ၀န်ထမ်းများ လုပ်ငန်းအဆင်ပြေ ချောမွေ့ မှု ရစေရေးအတွက် လာရောက်ကြည့်ရှု စစ်ဆေးခြင်း၊ ကြီးကြပ်ပေးခြင်း လိုအပ်သော အခက်အခဲများကိုညှိနှိုင်း ဆောင်ရွှက်ပေးခြင်းများအား ဆောင်ရွှက်ပေးသွားပါမည်။


၁၁။ GREAT SAVE Security Service Co.,Ltd မှ ၀န်ထမ်း တာဝန်ချထားမှု အပိုင်းနှင့်ဝန်ဆောင်မှု စရိတ်အတွက် လူကြီးမင်းတို့ မှ အသေးစိတ်အချက်အလက်များထပ်မံညှိနှိုင်း ဆောင်ရွှက်ပြီးစီး ၍ သဘောတူညီမှုရရှိပါက လုပ်ငန်းသဘောအရ ၀န်ဆောင်မှု စရိတ်အား လုံခြုံရေးတာဝန် စတင်သည့်နေ့ တွင် ကြိုတင်ကောက်ခံသွားမည် ဖြစ်ပြီး ကျန်လများအတွက် လစဉ်တောင်းခံသွားမည် ဖြစ်ပါသည်။


၁၂။ လုံခြုံရေး တာဝန်ယူဆောင်ရွှက်နေစဉ်အတွင်း လူကြီးမင်း၏ လုပ်ငန်းမှ အလုပ်ရုံဝင်းအတွင်းရှိ လုံခြုံရေးသို့  အပ်နှံထားသော ပစ္စည်းများ လုံခြုံရေးပေါ့ဆမှုကြောင့် ပျက်စီးရှုံးမှုများ ဖြစ်ခဲ့ လျှင်သော်လည်းကောင်း ၊ အပြင်မှ ဖောက်ထွင်း ၀င်ရောက် ခိုးယူခံရခြင်း ဖြစ်ပေါ်ခဲ့ လျှင်သော်လည်းကောင်း GREAT SAVE Security Service Co.,Ltd အနေဖြင့် လူကြီးမင်းတို့ ၏ company မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ ညှိနှိုင်း၍ တာဝန်ယူဆောင်ရွှက်ပေးသွားပါမည်။


၁၃။ မမျှော်လင့်သော သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာသော ပျက်စီးရှုံးဆုံးမှု တစ်စုံတစ်ရာအတွက် တာဝန်ယူဆောင်ရွှက်ပေးမည် မဟုတ်ပါ။


၁၄။ GREAT SAVE Security Service Co.,Ltd ၏ အထက်ဖော်ပြပါအတိုင်း လူကြီးမင်းတို့ နှင့် လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွှက်ရန် သဘောတူညီခဲ့ပါက ကြိုတင်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါမည်။


၁၅။ အကယ်၍ လူကြီးမင်း၏ Company အနေဖြင့် GREAT SAVE Security Service Co.,Ltd လုံခြုံရေး ၀န်ဆောင်မှု လုပ်ငန်း နှင့်ပတ်သတ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် ရပ်ဆိုင်းလိုပါက ရက် (၃၀) တိတိကြိုတင်အကြောင်းကြားပေးရန်နှင့် GREAT SAVE Security Service Co.,Ltd မှလည်း ၀န်ဆောင်မင ရပ်ဆိုင်း လိုခဲ့ပါက ရက် (၃၀) တိတိ ကြိုတင်အကြောင်း ကြားသွားမည်ဖြစ်ပါသည်။


၁၆။ သို့ ဖြစ်ပါ၍ လူကြီးမင်း၏ စီးပွားရေး လုပ်ငန်းကြီးတွင် လုံခြုံရေး ၀န်ဆောင်မှု ကဏ္ဍအနေဖြင့် လိုအပ်မင ရှိလာပါက GREAT SAVE Security Service Co.,Ltd နှင့် ဆက်သွယ်ဆောင်ရွှက်နိုင်ပါကြောင်း အကြောင်ကြားအပ်ပါသည်။